23 November 2011

IE Browser မှာ Content Advisor ကိုအသုံးချနည်း။



Window-7 မှာဆိုရင်တော့  တစ်ခါတည်း ပါလာတဲ့ parental controls ကိုအသုံးပြုပြီးတော့ မိမိကွန်ပြူတာမှာ ကလေးတွေနဲ့ အခြားသူတွေကို မလိုလားအပ်တဲ့ Web site တွေကိုပိတ်လို့ရတယ်။ ဒါပေမယ့် XP မှာတော့ မပါဘူး။ အဲဒါမျိုးကိုသုံးချင်ရင် third-party software တွေ ထည့်သုံးရလိမ့်မယ်။ အဲဒါကို IE browser ကနေ ပိတ်ကြည့်မယ် password ခံထားပေးမယ်။ ကဲ ဒီလိုလုပ်ကြည့်ရအောင်နော်။



၁။ Internet browser(IE) ကိုဖွင့်ပါ။


၂။ ညာဖက်ထောင့်က Tools ကိုနှိပ်၊ပြီးရင် Internet Options ကိုနှိပ်ပါ။


၃။ Internet Options box ပေါ်လာရင် Content > ပြီးရင် content advisor ထဲက Enable ကိုနှိပ်ပါ။ ကျနော်ကသုံးနေတာ window-7 နော်။

၎။ အဲဒီမှာ ကိုယ်ကသူများကို ကြည့်စေချင်သလောက်သာ ဖွင့်ထားပေးပါ။

၅။ ပြီးရင် General tab > Create Password ကိုနှိပ်ပေးပါ။ ကျနော်မှာက လုပ်ထားပြီးသားမို့လို့ change password ပေါ်နေတာပါ။ ပြီးရင် Apply > OK နဲ့ထွက်လိုက်ပါ။ ကဲပြီးပါပြီ။
သူက search engine မှာရိုက်ရှာတာနဲ့ ကိုယ်က Limit လုပ်ခဲ့တဲ့ ဟာတွေစကားလုံးတွေ ပါလာတာနဲ့ Password တောင်းပါတော့တယ်ဗျာ။ ကဲဒီမျှသာ............

မှတ်ချက်။        ။ ကျနော်ကတော့ ဒါမျိုးဆို တခြား Browser ကိုဒေါင်းပြီး ကြည့်မှာပေါ့နော်။ နောက်တာပါ။ IE မှာ ကောင်းကွက်လေးတွေကို ပြောကြည့်လိုက်တာ။

No comments:

Post a Comment