08 November 2011

Firefox and Zawgyi Font


မိမိစက်မှာ ဇော်ဂျီဖောင့်ကိုလည်း install လုပ်ပြီးပြီ ဆိုရင် မိမိသုံးနေကြ  Firefox Browser မှာ ဆက်ပြီး နည်းနည်းလောက်ပြင်လိုက်ကြရအောင်။
ကျနော် အခုလက်ရှိသုံးနေတဲ့ Browser Version က 7.0.1 ပါ။ဘယ်ဘက်ထောင့်က firefox ဆိုတဲ့ ဟာလေးကိုနှိပ်ပေးလိုက်ပါ။


Firefox > Options > Options တို့ကို အဆင့်ဆင့်နှိပ်လိုက်ပါ။ အဲဒါဆိုရင် အောက်ကပုံလေးလို ပေါ်လာပါပြီနော်။




General > Home Page > http://www.google.com.sg/ ဆိုတဲ့ Google search engine ကို Home Page ထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ မိမိသိလိုတဲ့ အကြောင်းအရာများကို တိတိကျကျ အမြန်ဆုံးရှာဖွေပေးနိုင်လို့ သူ့ကို Home page ထားလိုက်တာပါ။


Content > Default font: > Zawgyi-one ကိုရွေးပေးပါ။ နောက်ပြီးတော့ Advanced ကိုနှိပ်ပါ။


ပုံလေးထဲက အတိုင်း ဖောင့်တွေကိုချိန်းပေးပြီးတော့ Default Character Encoding မှာ Unicode(UTF-8) ကိုရွေးချယ်ပြီး OK နှိပ်ပြီးတော့ ပြန်ထွက်ပါ။ ဒါဆိုရင် မြန်မာဆိုဒ်တွေ ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ ဆိုဒ်တွေ အကုန်လုံးကို အဆင်ပြေစွာနဲ့ ဖတ်နိုင်ပါပြီ။ Unicode နဲ့ပြောင်းရေးထားသော ဆိုဒ်တွေမပါဘူးနော်။

No comments:

Post a Comment