ကျနော်တို့ internet သုံးနေရင်းနဲ့ မိမိသူငယ်ချင်း ဆိုဒ်လေးတွေ၊ ဒါမှမဟုတ် ကျနော်တို့ သဘောကျတဲ့ ဆိုဒ်လေးတွေ တွေ့ရင် Ctrl+D ကိုနှိပ်ပြီး site ကို save လုပ်တက်ကြပါတယ်။ အကြောင်းအမျိုးကြောင့် မိမိ save လုပ်ထားတာလေးတွေပျက်သွားရင် သွားပါပြီဗျာ။ ဘယ်လိုလုပ်ပြီးပြန်ရှာရမလဲဗျာ နှမြောစရာကောင်း လိုက်တာနော်။ ကျနော်အရင်တုန်းက ဖြစ်ခဲ့တယ်။ အခုတော့ အဲဒီပြသနာကို ဒီလိုနည်းတွေ နဲ့ ဖြေရှင်းကြရအောင်လားဗျာ။
ပထမဆုံး Firefox > Options > Sync ကိုသွားပါမယ်။ သူကတော့ Firefox မှာ အကောင်ဖွင့်ပြီးတော့ မိမိရဲ့ Bookmarks , Password and others တွေကို synchronize လုပ်ထားလိုက်တာဖြစ်ပါတယ်။
အကောင့်ရှိပြီးသားသူတွေက connect ကိုရွေးလို့ရပါတယ်။ ကျနော် အကောင့်အသစ်ဖွင့်ပြီးဖော်ပြမှာပါ။
Create a New Account ကိုရွေးချယ်ပါ့မယ်။
Email address နဲ့ Password နှစ်ခါရိုက်ရပါမယ်။ ပြီးရင် Sync Options ကိုနှိပ်ပါ။
မိမိ sync လုပ်ချင်သည့်အရာများကိုရွေးချယ်ပေးပါ။ ကျနော်က Passwords ကိုတော့ အမှန်မခြစ်တော့ဘူး ဖြုတ်လိုက်တယ်။ ကျနော့် Passwords ကိုတော့ ကျနော်သီးသန့်မှတ်ထားတယ်။ ကျန်တာတွေကိုတော့ save ပါမယ် ရွေးပြီးရင် Done > Next ပေါ့။
ဒီအဆင့်မှာ နည်းနည်းအရေးကြီးတယ်နော်။ Your Sync Key ဆိုတာလေးကို သိမ်းမယ့် နေရာကိုသေချာ ရွေးချယ်ပေးရပါမယ်။ ပျောက်လို့မဖြစ်ဘူးနော်။ ပြီးရင် Next ပေါ့။
Captcha ရိုက်ပြီး Next ဒါဆိုရင်ပြီးပါပြီ။ မိမိ Bookmarks တွေကို Sync လုပ်ပြီးသိမ်းထားနိုင်ပါပြီ။
ဒုတိယ တစ်ခုက ဒီလိုလေးပါ။
ညာဖက်က Bookmarks icon ကိုနှိပ်ပြီး
Show all bookmarks ကိုနှိပ်ပါ။ ဒါဆိုရင် ဒီလိုလေးပေါ်လာပါမယ်။
နောက်တစ်ခုက Export Bookmarks to HTML ဆိုတာလေးပေါ့။ သူကလည်း HTML file လေးကို နေရာလေးရွေး ဖိုင်နာမည်လေးပေးပြီး သိမ်းလိုက်လေ။ ပြန်လိုအပ်လျင် Import ဆိုတာလေးပေါ့။ ကျနော်က ဒုတိယနည်းကို ပိုကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူများတွေကိုလဲ မိမိ Bookmarks လေးတွေကို ပြန်မျှဝေနိုင်လို့ပါပဲ။ ဒုတိယနည်းက ပိုလွယ်တယ်။ ကဲ အားလုံးအဆင်ပြေစွာနဲ့ သိမ်းထားနိုင်ကြပါစေလို့။
No comments:
Post a Comment