02 November 2011
ဝင်းဒိုးအတွက် ဇော်ဂျီဖောင့်(32 bit and 64 bit)
ဘယ်သူတွေ ဘယ်လိုပဲပြောင်းနေပြောင်းနေ Unicode ဆိုတာကို ကျနော်တို့တစ်တွေ တစ်ချိန်ချိန်မှာ ပြောင်းလဲရမှာ ကိုတော့ မငြင်းပါဘူး။ အခုတော့ ဇော်ဂျီ ကိုပဲဆက်သုံးလိုက်အုံးမယ်။ Window 8 မှာလည်း တရားဝင် မြန်မာဖောင့်ပါလာပါပြီ။ Unicode ကိုပြောင်းရမယ့် အချိန်သိပ်မလိုတော့ပါဘူး။
အောက်မှ မီဒီယာဖိုင်းယား မှာ ကျနော်သုံးနေတဲ့ ဇော်ဂျီ 32 bit နဲ့ 64 bit ကိုတင်ပေးလိုက်ပါတယ်။
ဇော်ဂျီ 32 bit အတွက် အဲဒီလင့်က ဇော်ဂျီ .exe ကိုဒေါင်းပြီး run လိုက်ပါ။ 32 bit and 64 bit ဝင်းဒိုးသမားများ အကုန်လုံးအတွက်ပါ။ 32 bit သမားတွေကတော့ .exe ကို ရမ်း ပြီးရင် restart ချ ပြီးရင် ပြီးပြီ။
64 bit ဇော်ဂျီ Keyboard Installer 64 bit သမားတွေ အတွက် အပေါ်က ဇော်ဂျီ .exe ကိုရမ်းပြီးရင် restart ချ ဝင်းဒိုးပြန်တက်လာရင် အခုပေးထားတဲ့ ဖိုင်ကိုဖွင့်ပြီး Setup ကိုရမ်းပေးလိုက်ပါ။ ဇော်ဂျီ keyboard ကို install လုပ်လိုက်တာပါ။ ဒါဆိုရင် Window 32 bit and 64 bit မှာပါ စာဖတ် စာရိုက်လို့ရပါပြီ။
Unicode ဆိုတာကိုပြောင်းကြရမယ်နော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment