24 November 2011

IP address ကိုဘယ်လိုပြောင်းမလဲ။



တစ်ခါတစ်လေမှာ ကျနော်တို့ အင်တာနက်သုံးနေရင်းနဲ့ Page not found ဆိုပြီးတော့ ပေါ်လာတယ်။ နောက်ပြီးတော့ အင်တာနက် ကွန်နက်ရှင်က သုံးလို့မရတော့ သလိုကိုဖြစ်သွားတက်တယ်လေ။ အဲဒါဆိုရင်ဘာလုပ်ကြမလဲ။ အဲဒါဆို IP Address လေးကို ချိန်းလိုက်ရင် အဆင်ပြေသွားတက်တယ်လေ။ ခဏလေးပါ ဒါလေးကိုလုပ်ကြည့်လိုက်ပေါ့။

23 November 2011

IE Browser မှာ Content Advisor ကိုအသုံးချနည်း။



Window-7 မှာဆိုရင်တော့  တစ်ခါတည်း ပါလာတဲ့ parental controls ကိုအသုံးပြုပြီးတော့ မိမိကွန်ပြူတာမှာ ကလေးတွေနဲ့ အခြားသူတွေကို မလိုလားအပ်တဲ့ Web site တွေကိုပိတ်လို့ရတယ်။ ဒါပေမယ့် XP မှာတော့ မပါဘူး။ အဲဒါမျိုးကိုသုံးချင်ရင် third-party software တွေ ထည့်သုံးရလိမ့်မယ်။ အဲဒါကို IE browser ကနေ ပိတ်ကြည့်မယ် password ခံထားပေးမယ်။ ကဲ ဒီလိုလုပ်ကြည့်ရအောင်နော်။

Window-7 Codecs


ကျနော်သုံးနေတာက Window-7 32bit လေးပါ။ Window media player နဲ့ဖွင့်လို့မရတဲ့ ဗီဒီယိုဖိုင်တွေ ကိုကျနော်က ဒါလေးကိုသုံးလိုက်တယ်။ Shark007's ကထုတ်ထားတဲ့ free codecs လေးပါ။ 32bit & 64bit နှစ်မျိုးစလုံးကို support လုပ်ပါတယ်။ ဖိုင်ဆိုဒ်က 27MB ဆိုတော့ နည်းနည်းများတယ်နော်။
The following file types are enabled and SUPPORTED by the installation of the Windows 7 Codecs.amr | mpc | ofr | divx | mka | ape | flac | evo | flv | m4b | mkv | ogg | ogv | ogm | rmvb | xvid.
ကဲအောက်မှာဒေါင်းရမယ့်နေရာလေးတွေပါ။

Shark007.net

Filehippo.com

22 November 2011

Panda USB Vaccine



ကျနော် ဒီတစ်ခါ Panda USB Vaccine ဆိုတာလေးကို မိတ်ဆက်ပေးပါမယ်။ USB သုံးတဲ့သူတွေ အတွက်ပေါ့။ သူ့ကို Free ထုတ်ပေးထားတာပါ။ USB မှ Malware ဝင်ရောက်ခြင်းများ ကိုကာကွယ်ပေးပါလိမ့်မယ်။ autorun.inf မှ malware infections တွေတဆင့်ဝင်ရောက်ခြင်းများကို အလိုအလျောက် ကာကွယ်ပါလိမ့်မယ်။

 
New Version 1.0.1.4 မှာ ဘာတွေထူးခြားလာလဲဆိုရင် NTFS USB drives တွေကိုပါ ကာကွယ်ပေးပါမယ်တဲ့ Beta အဆင့်ပဲရှိပါသေးတယ်။ သူ့ကို ပါလိုချင်ရင်တော့ install လုပ်ချိန်မှာ အမှန်ခြစ်ပေးရပါမယ်။

ကဲအောက်မှာဒေါင်းရမယ့်နေရာလေးတွေပေးထားပါတယ်။

Cnet.com

Pandasecurity.com

08 November 2011

How to save your bookmarks from Firefox


ကျနော်တို့ internet သုံးနေရင်းနဲ့ မိမိသူငယ်ချင်း ဆိုဒ်လေးတွေ၊ ဒါမှမဟုတ် ကျနော်တို့ သဘောကျတဲ့ ဆိုဒ်လေးတွေ တွေ့ရင် Ctrl+D ကိုနှိပ်ပြီး site ကို save လုပ်တက်ကြပါတယ်။ အကြောင်းအမျိုးကြောင့် မိမိ save လုပ်ထားတာလေးတွေပျက်သွားရင် သွားပါပြီဗျာ။ ဘယ်လိုလုပ်ပြီးပြန်ရှာရမလဲဗျာ နှမြောစရာကောင်း လိုက်တာနော်။ ကျနော်အရင်တုန်းက ဖြစ်ခဲ့တယ်။ အခုတော့ အဲဒီပြသနာကို ဒီလိုနည်းတွေ နဲ့ ဖြေရှင်းကြရအောင်လားဗျာ။
ပထမဆုံး Firefox > Options > Sync ကိုသွားပါမယ်။ သူကတော့ Firefox မှာ အကောင်ဖွင့်ပြီးတော့ မိမိရဲ့ Bookmarks , Password and others တွေကို synchronize လုပ်ထားလိုက်တာဖြစ်ပါတယ်။


Firefox and Zawgyi Font


မိမိစက်မှာ ဇော်ဂျီဖောင့်ကိုလည်း install လုပ်ပြီးပြီ ဆိုရင် မိမိသုံးနေကြ  Firefox Browser မှာ ဆက်ပြီး နည်းနည်းလောက်ပြင်လိုက်ကြရအောင်။
ကျနော် အခုလက်ရှိသုံးနေတဲ့ Browser Version က 7.0.1 ပါ။ဘယ်ဘက်ထောင့်က firefox ဆိုတဲ့ ဟာလေးကိုနှိပ်ပေးလိုက်ပါ။


Firefox > Options > Options တို့ကို အဆင့်ဆင့်နှိပ်လိုက်ပါ။ အဲဒါဆိုရင် အောက်ကပုံလေးလို ပေါ်လာပါပြီနော်။

03 November 2011

Can't see zawgyi font on my PC


ဇော်ဂျီဖောင့် ကို install လုပ်ပြီးသွားတဲ့အချိန်မှာ မမြင်ရရင်သော်လည်းကောင်း window themes ကို change လိုက်လို့ ဇော်ဂျီဖောင့်ကို မမြင်ရရင်သော်လည်းကောင်း အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါသည်။

Right click > Personalize > Window color တဆင့်ခြင်း click နှိပ်သွားပါ။




02 November 2011

ဝင်းဒိုးအတွက် ဇော်ဂျီဖောင့်(32 bit and 64 bit)


ဘယ်သူတွေ ဘယ်လိုပဲပြောင်းနေပြောင်းနေ Unicode ဆိုတာကို ကျနော်တို့တစ်တွေ တစ်ချိန်ချိန်မှာ ပြောင်းလဲရမှာ ကိုတော့ မငြင်းပါဘူး။ အခုတော့ ဇော်ဂျီ ကိုပဲဆက်သုံးလိုက်အုံးမယ်။ Window 8 မှာလည်း တရားဝင် မြန်မာဖောင့်ပါလာပါပြီ။ Unicode ကိုပြောင်းရမယ့် အချိန်သိပ်မလိုတော့ပါဘူး။
အောက်မှ မီဒီယာဖိုင်းယား မှာ ကျနော်သုံးနေတဲ့ ဇော်ဂျီ 32 bit နဲ့ 64 bit ကိုတင်ပေးလိုက်ပါတယ်။

01 November 2011

O & O Defrag 2000


O&O Defrag 2000 ကိုကျနော်တော့ မသုံးဘူးသေးဘူး။ ဒါပေမယ့် သူကထုတ်ထားတဲ့ ဆော့ဝဲလ်တွေ ထဲက ဖိုင်တွေကိုဖျက်တဲ့ ဟာလေးကတော့ တော်တော် ကောင်းတယ်ဗျာ။
သူလည်း အတိုင်းအတာလေး တစ်ခုထိတော့ ကောင်းမယ် ဘာလို့လဲဆိုတော့ ရောင်းတဲ့ ပစ္စည်းကို အလကားပေးသုံးထားတာမိုလို့ပါ။


ဖိုင်ဆိုဒ် 2.8 MB ရှိပါတယ်။
အောက်ပါနေရာများ မှဒေါင်းပါ။

O&O-software.com

Filehippo.com

Myefrag


ဖိုင်ဆိုဒ်သေးသေးနဲ့ Freeware လေးကိုမှ သုံးချင်တယ်။ စုံစုံလင်လင်လေးလည်းပါမှဆိုရင် ဒါလေးကိုပေးမယ်။
နာမည်က MyDefrag ပါ။ ဖိုင်ဆိုဒ်က 2MB ။ သူ့ကိုဒီလိုလေးပြောထားတယ်။
Very easy to use
Much faster
Low overhead
Can handle floppies, USB disks, memory sticks, and anything.

အရင် Version တွေတုံးက Open Source ပါ။ အခုနောက်ထွက်လာတဲ့ Version 4 နောက်ပိုင်း Close Source ဖြစ်သွားပြီး Freeware အနေနဲ့ ပေးသုံးထားပါတယ်။

အောက်ပါနေရာများမှ ဒေါင်းပါ။

Mydefrag.com 

Filehippo.com

 

Ultra Defrag


Freeware တွေချည်း သုံးရတာကြာလို့ပျင်းလာရင် Open Source လေးပြောင်းသုံးကြည့်ပေါ့နော်။
နာမည်လေးက UltraDefrag လေးပါ။
သူ့ကို 32 bit နဲ့ 64 bit ဆိုပြီးရွေးချယ် သုံးလို့ရသေးတယ်။

အောက်ပါနေရာများမှ ဒေါင်းပါ။

Ultradefrag.sourceforge.net

Filehippo.com