ကျနော် Defragment လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူက Puransoftware ကထုတ်လုပ်ထားတာပါ။ Free edition ရှိသလို Pro လိုမျိုးလေးလည်း ရှိတယ်။ သူ့ကိုဒေါင်းပြီးတော့ install လုပ်ကြည့်တော့ ..............
ကျန်တာတွေက ပုံမှန်အတိုင်းလေး ပါပဲ install လုပ်တာ။
ပြီးရင်သူ့ကိုဖွင့်ကြည့်လိုက်တော့ Main , Additional Operations , Automatic Defragmentation , About ဆိုတဲ့ Tab လေးခုပါပါတယ်။
Main မှာက ပုံမှန်အတိုင်း အမှန်ခြစ်ရမယ့် အကွက်နှစ်ကွက်က နှစ်ခုစလုံးကောင်းတယ် တကယ်လည်း အသုံးတည့်မယ်။ Shutdown after defrag ဆိုရင် ကိုယ်က PC သုံးပြီး အိပ်မယ်ဆိုတော့ရင် သူ့ကို run ပြီး shutdown ကိုအမှန်ခြစ်ပေးလိုက် ဒါဆိုရင် ကိုယ်အေးအေးဆေးဆေး အိပ်လို့ရတယ်။ သူ အလုပ်လုပ်နေတာ ကိုစောင့်စရာ မလိုတော့ဘူးပေါ့။
Automatic မှာဆိုရင် Laptop တွေအတွက် Stop if on battery အကွက်လေးသီးသန့်လုပ်ပေးထားတယ်။
Auto ကိုသုံးမယ်ဆိုရင် ရွေးချယ်စရာနှစ်ခုရှိတယ် ကြိုက်ရာကိုရွေးချယ်နိုင်တယ်။ ကျနော်က Add > Automatic Defragmentation > Next >Defrag select drives every Monday > Next > Name > Finish. အဲလိုလေးလုပ်ထားပေးလိုက်တယ် အပါတ်စဉ် သောကြာနေ့တိုင်း လုပ်မယ်ပေါ့။ ကျန်တာတွေ က မိမိသဘောအတိုင်း ကြိုက်ရာကိုရွေးချယ် လုပ်ကိုင်နိုင်ပါတယ်။
ဖိုင်ဆိုဒ်က 3.25 MB.
Puran Defrag is compatible with Windows XP/2003/Vista/2008/7 including 64Bit versions.
ကဲ ပေါ့ပေါ့ပါးပါး လေးမို့လို့ ညွန်းလိုက်တယ်။ အောက်မှာဒေါင်းပါ။ အဆင်ပြေပါစေ။
No comments:
Post a Comment