28 December 2011

EaseUS Partition Manager Home Edition



EaseUS Partition Manager Home Edition ဆိုတဲ့ ဆော့ဝဲလ် Free Tool လေးတစ်ခုကိုမိတ်ဆက်ပေး ချင်ပါတယ်။ သူက ကျနော်တို့လို Home User တွေအတွက် လုံလောက်တဲ့ Tools တွေအပြည့်အစုံပါဝင်ပါတယ်။ Partition မပိုင်းပဲဒီအတိုင်း Window တင်ပြီးသွားတော့မှ လိုအပ်သလောက် ပြန်ပိုင်းတာ၊ မူလ Window တင်ထားတဲ့ Partition မှာ နေရာမလောက်တော့လို့ ထပ်ချဲ့ချင်တာ တွေအပြင်၊ Format , Delete , Copy , Change Label , Change Drive Letter , Wipe Partition , Defragment , Convert to Logical and Primary စတာတွေ အစုံပါဝင်ပါတယ်။




အသုံးပြုရတာ လည်း အရမ်းကိုလွယ်တယ်။ သူ့ကိုသုံးမယ့် အချိန်ကျရင် တခြားသုံးနေတာတွေကို ခဏပိတ်ထားပေးပါ။ Support လုပ်တာတွေက Windows 2000/XP/Vista/Window-7 SP1 (32 bit & 64 bit) အားလုံးရပါတယ်။ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းများကို ရွေးချယ်ပြီးသွားရင်တောင်မှ Undo လုပ်နိုင်ပါတယ်။ ။ဒါပေမယ့် အဲဒါက Apply ဆိုတာလေးကို မနှိပ်ခင် အချိန်အထိပေါ့နော်။ သုံးကြည့်ပါ Free ပေးထားတာနဲ့ မတန်လောက်အောင်ကိုကောင်းပါတယ်။

အောက်ပါနေရာမှဒေါင်းပါ။

EaseUS Partition Master

No comments:

Post a Comment