11 October 2011

Norton


ကျနော် က Norton သုံးတဲ့ သူတစ်ယောက်ပါ။ တစ်ကယ်လို့ သူ့ကိုမသုံးတဲ့ သူဆိုရင်လည်း ဒေါင်းလို့ရနိုင် မယ့် ဆော့ဝဲလ် လေးတစ်ခုကို ညွှန်းချင်ပါတယ်။ သူက Norton Power Eraser လေးပါ။





Norton Power Eraser

မိမိစက်မှာ Antivirus Software ကိုလည်း မသုံးထားဘူး။ မိမိစက်ကိုလည်း antivirus scan စစ်ချင်တယ် ဆိုရင်သူ့ကို Download ချပြီးသုံးစွဲကြည့်ပါ။ ရလာတဲ့ .exe file ပေါ်ကို right click ထောက်ပြီး run as administrator ကိုနှိပ်ပါ။ End User License Agreement မှာ ACCEPT လုပ်ပေးပါ။ New version ရှိမရှိ ကိုစစ်ဆေးပြီး Scan လုပ်ရမယ့် နေရာကိုရောက်လာပါလိမ့်မယ်။ အဲဒီမှာစတင် scan လုပ်နိုင်ပါပြီ။ Install လုပ်စရာမလိုတာ လေးကလည်း ကောင်းပါတယ်။

အောက်ပါနေရာမှ ဒေါင်းနိုင်ပါတယ်။

Norton Power Eraser


Norton Removal Tool

မိမိစက်မှာ Norton တင်ထားတယ်။ လိုင်စင် သက်တမ်းကုန်လို့ အဲဒါကိုလည်းမသုံးချင်တော့ဘူးဆိုရင်သော် လည်းကောင်း မကြိုက်လို့ ပြန်ဖြုတ်ပြီး တခြား Antivirus software တင်ချင်လို့ပဲဖြစ်ဖြစ် အရင်တင်ထားတဲ့ Norton ကိုဒီအတိုင်း Uninstall မလုပ်ပါနဲ့။ Norton ကတရားဝင်ထုတ်ပေးထားတဲ့ Norton Removal Tool ဆိုတာရှိပါတယ်။ မိမိ Install လုပ်ထားတဲ့ Product အပေါ်မူတည်းပြီး ရွေးချယ်downloadလုပ်ပြီးပြန် ဖျက်ပေးပါ။ ဒါမှ error ကင်းရှင်းမှာဖြစ်ပါတယ်။
အောက်မှာဒေါင်းနိုင်ပါတယ်။

Norton Removal Tool

No comments:

Post a Comment