31 October 2011

Auslogics Disk Defrag


Auslogics Disk defrag ဆိုတဲ့ မိမိ hard disk files တွေကိုပြန်လည်စီပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ သူ့ကိုအလကားလည်း ရနိုင်သလို ဝယ်လည်းသုံးနိုင်ပါတယ်။ လုပ်ဆောင်ချက်တွေက......

Features:

  • Defrag and optimize
  • Free space consolidation
  • System files smart placement
  • Keeping the MFT reserved zone clear
  • Single file or folder defragmentation
  • List of fragmented files
  • Auto-defrag mode
  • Scheduled defragmentation
  • Customizing disk defrag
  • Multiple languages

Unlocker


Unlocker ဆိုတဲ့ ဆော့ဝဲလ်လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ သူ့အသုံးဝင်ပုံလေးက ဒီလိုပါ။ ကျနော်သိသလောက်ပေါ့။ Folder တွေကိုဖျက်လို့မရဘူး သူ့ကိုတခြားသူသော်လည်းကောင်း တခြား Program ကသော်လည်းကောင်း သုံးနေတယ်လို့ပြောတဲ့အခါ။


Cannot delete file -- Access is denied ပြောတဲ့အခါများမှာသော်လည်းကောင်း။
လွယ်ကူရိုးရှင်းစွာသုံးလို့ရပါတယ်။ ဖွင့်လို့မရတဲ့ Folder ကို Select > Right Click > Select Unlocker ကိုရွေးချယ် ပေးလိုက်ရင်အဆင်ပြေပါတယ်။
32 bit , 64 bit and Portable (32 & 64 bit) စသည်ဖြင့် မိမိစက်ပေါ်မှာမူတည်ပြီး သုံးစွဲနိုင်ပါတယ်။


အောက်ပါနေရာများမှ ဒေါင်းပါ။


Unlocker မူရင်းဆိုဒ်


FileHippo.com 

Softpedia.com 

Sea Tools for Windows


ကျနော်ဒီတစ်ခါ sea tools for windows ဆိုတဲ့ freeware လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သူ့ကို ထုတ်ပေးထားတဲ့သူက နာမည်ကျော် Seagate Hard Drives တွေကိုထုတ်ပေးနေတဲ့သူပါ။

System Requirements:
  • Microsoft Windows 7, Vista, XP or 2000.
  • Microsoft .NET Framework v2.0 - Available for download (approximately 23 MB) from www.microsoft.com. Search the site for .NET 2.0 or go directly there.
  • VGA 1024x768 or greater graphics capability.
PDF User Guide လည်းပါပါတယ်။
Window Setup file ကိုဒေါင်းပြီးရင်


ဒီပုံလေးကိုမြင်ရပါမယ်။ခဏစောင့်ပေးပါ။ နောက်ပြီးတော့

13 October 2011

Microsoft Security Essentias

Microsoft မှ ထုတ်ပေးထားသော Free သုံးလို့ရတာလေးပါ။ သူက virus, spyware , malware တွေအပြင် တခြား malicious software တွေမှာပါအလုပ်လုပ် စစ်ဆေးပါတယ်။ ကောင်းပါတယ်။ စက်လေးတယ်ဆိုတာ မကြိုက်တဲ့သူတွေ အတွက်တော့ good ပေါ့။ သူ့ကိုမတင်ခင် တခြား antivirus ကိုတော့ ဖယ်ရပါလိမ့်မယ်။ Auto update လုပ်ပါတယ်။ မိမိ Window Version အလိုက်ရွေးချယ် ဒေါင်းပါ။

အောက်ပါနေရာများမှဒေါင်းပါ။

Microsoft.com

FileHippo.com

SpeedFan






SpeedFan ဆိုတဲ့ဆော့ဝဲလ်လေးကို မိတ်ဆက်ပေးပါရစေ။ သူလေးက မိမိစက်မှာတပ်ဆင်ထားသော Fan များ အလုပ်လုပ်လား မလုပ်ဘူးလား Speed မှန်မှန်နဲ့ လည်ပါတ်နေရဲ့လား ဆိုတာတွေ၊ Fan Speed ကိုလည်း change ပေးနိုင်တယ်။ အပူချိန်များ ကိုလည်းဖေါ်ပြပေးပါသေးတယ်။ ကျန်တာတွေလည်း ရှိပါသေးတယ်။
အောက်ပါနေရာများမှ ဒေါင်းပါ။

FileHippo.com

Cnet.com

11 October 2011

IObit Uninstaller

Portable software လေးပါ။ .exe > right click > Run as Administraor is ok.
ဆော့ဝဲလ်တွေ install လုပ်ရင်းပါလာခဲ့တဲ့ မိမိစက်ထဲမှာ ရှိတဲ့ TOOLBAR တွေကို Uninstall လုပ်ပေးတဲ့ ဟာလေးပါတယ်။ ဖိုင်ဆိုဒ်လေးက - 2MB လောက်ပဲရှိတယ်။
မူရင်းဆိုဒ်မှာဒေါင်းပါ။

IObit Uninstaller

Game Booster Free

Game Booster 3.0 Free ကို IObit မှ ထုတ်လုပ်ထားပါတယ်။ ဒါလေးကတော့ Game ဆော့တဲ့သူတွေ အတွက်အသုံးလိုပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ Memory အရမ်းတောင်းတဲ့ Game အကြီးတွေ ဆော့ရင် ပဲဖြစ်ဖြစ် ကိုယ့်စက်မှာ Memory နည်းလို့ပဲဖြစ်ဖြစ် Game မဆော့ခင် သူ့ကိုရမ်းလိုက်ပါ။ သူက Window နောက်ကွယ်မှာ run နေတဲ့ မလိုအပ်တဲ့ Program တွေကို အလိုအလျောက် ပိတ်ပေးပါလိမ့်မယ်။ နောက်ပြီး ဂိမ်းဖိုင်တွေကိုလည်း ပြန်စီတဲ့ အလုပ်ကိုလည်း လုပ်ပေးပါတယ်။ အကောင်းဆုံး ဂိမ်း Performance ကိုရရှိစေပါတယ်။ ဖိုင်ဆိုဒ် - 5MB.

မူရင်းဆိုဒ်မှဒေါင်းပါ။

IObit Game Booster

Smart Defrag 2


Smart Defrag 2 ဟာ IObit မှထုတ်လုပ်ထားသော freeware တစ်ခုပါ။ မိမိ hard disk မှ ဖိုင်များကို Idle အချိန်မှာပါ ပြန်စီပေးပါတယ်။ သုံးကြည့်ပါ ဖိုင်ဆိုဒ် 4MB ပဲရှိပါတယ်။

Hardware Requirements

  • 300 MHz processor or faster processor
  • 256 MB of RAM
  • 30 MB of free hard disk space
 မူရင်းဆိုဒ်မှ ဒေါင်းပါ။

IObit Smart Defrag

Iobit Malware Fighter

Malware and spyware တွေကိုမိမိ စက်မှဖယ်ရှားဖို့ အတွက် free ရတဲ့ သုံးလို့ကောင်းတာလေးပါ။

 

Hardware Requirements

  • 300 MHz processor or faster processor
  • 256 MB of RAM
  • 30 MB of free hard disk space
Windows 7, Vista, XP and 2000.
Version-1.11 for Windows , File size- 14.44 MB.
မူရင်းဆိုဒ်မှ ဒေါင်းနိုင်ပါတယ်။

Iobit Malware Fighter

Norton


ကျနော် က Norton သုံးတဲ့ သူတစ်ယောက်ပါ။ တစ်ကယ်လို့ သူ့ကိုမသုံးတဲ့ သူဆိုရင်လည်း ဒေါင်းလို့ရနိုင် မယ့် ဆော့ဝဲလ် လေးတစ်ခုကို ညွှန်းချင်ပါတယ်။ သူက Norton Power Eraser လေးပါ။





Norton Power Eraser

မိမိစက်မှာ Antivirus Software ကိုလည်း မသုံးထားဘူး။ မိမိစက်ကိုလည်း antivirus scan စစ်ချင်တယ် ဆိုရင်သူ့ကို Download ချပြီးသုံးစွဲကြည့်ပါ။ ရလာတဲ့ .exe file ပေါ်ကို right click ထောက်ပြီး run as administrator ကိုနှိပ်ပါ။ End User License Agreement မှာ ACCEPT လုပ်ပေးပါ။ New version ရှိမရှိ ကိုစစ်ဆေးပြီး Scan လုပ်ရမယ့် နေရာကိုရောက်လာပါလိမ့်မယ်။ အဲဒီမှာစတင် scan လုပ်နိုင်ပါပြီ။ Install လုပ်စရာမလိုတာ လေးကလည်း ကောင်းပါတယ်။

အောက်ပါနေရာမှ ဒေါင်းနိုင်ပါတယ်။

Norton Power Eraser


Norton Removal Tool

မိမိစက်မှာ Norton တင်ထားတယ်။ လိုင်စင် သက်တမ်းကုန်လို့ အဲဒါကိုလည်းမသုံးချင်တော့ဘူးဆိုရင်သော် လည်းကောင်း မကြိုက်လို့ ပြန်ဖြုတ်ပြီး တခြား Antivirus software တင်ချင်လို့ပဲဖြစ်ဖြစ် အရင်တင်ထားတဲ့ Norton ကိုဒီအတိုင်း Uninstall မလုပ်ပါနဲ့။ Norton ကတရားဝင်ထုတ်ပေးထားတဲ့ Norton Removal Tool ဆိုတာရှိပါတယ်။ မိမိ Install လုပ်ထားတဲ့ Product အပေါ်မူတည်းပြီး ရွေးချယ်downloadလုပ်ပြီးပြန် ဖျက်ပေးပါ။ ဒါမှ error ကင်းရှင်းမှာဖြစ်ပါတယ်။
အောက်မှာဒေါင်းနိုင်ပါတယ်။

Norton Removal Tool

10 October 2011

Ashampoo Burning Studio FREE

သူက free version လေးပါ။ ဘာတွေကို support လုပ်သလဲဆိုရင် CD, DVD, Data discs, Blu-ray တို့ ပါဝင်ပါတယ်။ Compressed and encrypted backup discs တွေကို Burning လုပ်တာကိုလည်း Support လုပ်ပါတယ်။
Upgrade လုပ်မလားမေးရင် မလုပ်ဘူး ဒါမှမဟုတ် နောက်မှသတိပေးပါ တစ်ခုခု ကိုဖြေလိုက်ရင် ရပါပြီ။
အောက်ပါနေရာများမှ ဒေါင်းပါ။

Cnet.com

09 October 2011

Advanced SyatemCare

Advanced SystemCare လေးကတော့ Free and Pro ပါရတဲ့ ဆော့ဝဲလ်လေးပါ။ သူလည်း စွယ်စုံ ဘက်စုံ သုံးလို့ရပါတယ်။



Hardware Requirements

  • 300 MHz processor or faster processor
  • 256 MB of RAM
  • 30 MB of free hard disk space
အောက်ပါနေရာများမှ ဒေါင်းနိုင်ပါတယ်။

Iobit.com

Battery Care


Battery Care ဆိုတဲ့ freeware လေးဟာဆိုရင် သင့်ရဲ့ Laptop battery အချက်အလက် အားသွင်းမှု့များ ကို သေချာစွာဖော်ပြပေးမယ့် ဟာလေးတစ်ခုပါ။

 Laptop ကိုပြင်ပမှာ ကြာရှည်သုံးသူတွေ အတွက် အဆင်ပြေမှာ ဖြစ်သလို အိမ်မှာ အားသွင်းရင်း အလုပ်လုပ်နေတဲ့ သူတွေကိုလည်း အချက်အလက်လေးတွေ သိရှိနိုင်မှာဖြစ်ပါတယ်။
အောက်ပါနေရာမှ ဒေါင်းပါ။

Battery Care

Panda Cloud Antivirus






Panda cloud antivirus ဆိုတဲ့ ဆော့ဝဲလေးဟာဆိုရင် cloud scanning ကိုအခြေပြုထားတဲ့ အရမ်း ကိုပေါ့ပါးတဲ့ Free antivirus တစ်ခုပါ။ Updates လုပ်ရမယ်ဆိုတာလေးကို မေ့ထားလိုက်ရမယ့် ဆော့ဝဲလ် ပါ။
စမ်းသုံးကြည့် ကြိုက်သွားမယ်။ Internet Connection ရှိရန်လိုအပ်တယ်။
အောက်ပါနေရာများမှ ဒေါင်းပါ။


Cnet.com

FileHippo.com

08 October 2011

ImgBurn









ImgBurn ဆိုတဲ့ကောင်လေးက သုံးလို့ကောင်းတဲ့ Freeware လေးတစ်ခုပါပဲ။ဖိုင်ဆိုဒ် ကလည်း 6 MB ပဲရှိတာ။ သုံးလို့ရ တာလည်းအစုံပါ။ သုံးလို့ကောင်းတဲ့ဟာလေးပါ။
MD5 Checksum:26B4243DB442D797E817C44953544E55







အောက်ပါနေရာများမှဒေါင်းပါ။

www.imgburn.com

Filehippo.com

Adobe Reader


Adobe Reader ဆိုတဲ့ဆော့ဝဲလ် လေးကတော့ လူသိများပါတယ်။ သူလည်းဖရီးရပါတယ်။ လူသိလည်းများ ပါတယ်။ တစ်စုတစ်ဝေးထဲ ရှိအောင်ထည့်လိုက်တာပါ။

Download There

Adobe.com

Filehippo.com

07 October 2011

Crystal Disk Info







Hard disk information တွေသိချင်ရင် ကိုယ် ဟာ့ဒစ်စ် အကြောင်းကို အမြဲသိရှိနိုင်မယ် ဆော့ဝဲလ်လေး တစ်ခုပါ။ အပူချိန်တို့ hard disk ပျက်ခါနီးတာတွေ ကြိုသိခဲ့ရင် ကိုယ့်ရဲ့ data တွေကို အမြန်ဆုံး back up လုပ်နိုင်မှာမို့လို့ နောက်ပြီး ဖိုင်ဆိုဒ် သေးသေးနဲ့ free ဆိုတော့လည်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ် လေး တစ်ခုဆိုရင်မမှားပါဘူးနော်။

အောက်ပါမူရင်းဆိုဒ်မှ ဒေါင်းနိုင်ပါတယ်။

Crystal Disk Info