30 January 2012

All in One Boot CD(HBCD)



All in  one boot CD လို့ခေါ်တဲ့ Hiren's Boot CD ဟာဆိုရင် Window သမားများ Window ပြင်တဲ့ သူများ လက်ကိုင်ထားရမယ့် တခါတည်း အခွေရိုက်ပြီးဆောင်ထားရမယ် Boot CD ပါ။ ဟာ... ဒါဆို သူကဘာတွေ များ အသုံးဝင်လို့လည်း လို့မေးရင် ဖြေရမှာတွေက အများကြီးပါ။
ဥပမာ အနေနဲ့ပြောရရင် မိမိသုံးနေတဲ့ စက်မှာ မိမိ အကောင် ပက်ဝက်စ် မေ့သွားလို့ ပြန်ဝင်လို့မရတာတွေ ကစပြီး Live CD အထိပါသုံးနိုင်ပါတယ်။
သူ့ထဲမှာပါဝင်တာတွေက

24 January 2012

Browser အတွက် Plugins Flash Player


Browsers များတွက် မရှိမဖြစ် လိုအပ်နေသေးသော Flash Player လေးပါ။ သူကတော့ ဘာမှပြောစရာ မလိုတော့လို့ မပြောတော့ဘူး။ ဒေါင်းပြီးလို့ Install လုပ်ခါနီးကျရင် Browser ကိုပိတ်ပေးပါ။
IE Browser အတွက်ရယ် အခြား Browsers တွေအတွက်ရယ် Window OS သုံးတဲ့ လူတွေက 32 bit နဲ့ 64 bit ခွဲထားပေးတယ်။ လိုအပ်သလိုဒေါင်းကြပါ။

Firefox and Other Browsers - 64 bit

အပိုဆောင်းလေးအနေနဲ့ Internet သုံးရင်း သီချင်းလေးတွေကို တိုက်ရိုက် နားထောင်ရင် တခါတစ်လေ လိုအပ်တဲ့ Player လေးပါ။

Adobe Shockwave Player

23 January 2012

GOM and VlC Players

GOM Player




VLC Player

 ကဲ ဘယ်သူကိုပိုကြိုက်သလဲပြော။
Gom Player က Freeware။
VLC Player က Open source ။
ကြိုက်တာရွေး နှစ်ခုစလုံးကောင်းတယ်။
VLC မှာက Codec pack ထည့်သုံးစရာ မလိုဘူး။
GOM မှာက လိုအပ်ရင်သူ့ဆီမှာရှာလို့ရတယ် ။
မရှိဘူးဆိုရင် Codec pack ထည့်သုံးပေါ့။
Gom ကလုပ်ဆောင်ရတာတွေလွယ်တယ်။
Vlc က အမယ်စုံတော့ လုပ်ဆောင်ချက်တွေများတော့ မသုံးတက်ရင် ရွာလည်တယ်။ Interface တွေကတော့ ချိန်းလို့ရတယ်။ မိမိအကြိုက်ပေါ်မှာပဲ မူတည်တယ်။ တကယ်တန်း HD Movies တွေ run ကြည့်တဲ့ အခါမှာတော့ VLC ကပိုသာတယ်။ GOM က HD ဆိုရင် အသံနဲ့ ရုပ်နဲ့ သိပ်မကိုက်ချင်တော့ဘူး။

22 January 2012

K-Lite Codec pack for Window



Window OS မှာ build in ပါဝင်တဲ့ window media player ကဖွင့်မပေးနိုင်တဲ့ video files များကို Codec pack လေးတွေထည့်သွင်းပြီးတော့ သုံးကြပါတယ်။ ကျနော် ဟိုးအရင်ကထဲက သုံးခဲ့တာက K-Lite Codec Pack ဆိုတဲ့ Freeware လေးပါ။

21 January 2012

IObit Unlocker



IObit Unlocker ဆိုတဲ့ Freeware လေးကိုပေးချင်ပါတယ်။ သူရဲ့ အသုံးဝင်ပုံလေးက
>>> ကျနော်တို့ သုံးနေတဲ့ ဝင်ဒိုး OS မှာ အောက်ကလို မက်ဆေ့ခ်ျ error report တွေနဲ့ ဖိုင်တွေကို ဖျက်လို့ မရနိုင်ဘူးဆိုရင် သူ့ကိုသုံးလိုက်ပါ။ အရမ်းလွယ်တယ် ပုံလေးလည်း တင်ပေးလိုက်တယ်။

>Cannot delete file: Access is denied
>>Cannot delete folder: It is being used by another person or program
>>>The file is in use by another program or user
>>Cannot read from the source file or disk
>The source or destination file may be in use  
 
ဒီလို ဖိုဒါလေးကိုဖျက်လို့ မရရင်>>> IObit Unlocker ကို install လုပ်လိုက်ပါ။

05 January 2012

FastStone Image Viewer



ကျနော် FastStone Image Viewer ကိုသုံးကြည့်တာ ပထမအကြိမ် စဖွင့်ပြီး သုံးလိုက်ထဲကိုက ကြိုက်သွားတယ်။ Free နော်ဒါပေမယ့် သုံးရတဲ့ Tools တွေကတော့ အများကြီးသုံးခွင့်ပေးထားတယ်။
သဘောကျမိတာတွေက  Edit and Colors က အသုံးဝင်တာလေးတွေရှိတယ်။ ပုံရဲ့ မူလအရည်အသွေးကို မလျော့စေပဲ ပုံတွေကို လှည့်လို့ရတယ်။ Resize,Compare,Emailစတာတွေ တော်တော်စုံစုံလင်လင် လေးသုံးလို့ကောင်းနေတယ်။ Screen capture လေးတောင်ပါလိုက်သေးတယ်။ နောက်ပြီး Portable version လည်းရတယ်။